အာဆီယံအသိအမှတ်ပြုရှေ့နေသို့မဟုတ် ဥပဒေအဖွဲ့မှ တိုင်ချက် ဖွင့်ခြင်း

ASEAN complaint companyအာဆီယံအသိအမှတ်ပြုရှေ့နေများ သို့မဟုတ် ဥပဒေအဖွဲ့များမှ ၎င်းတို့၏ အမှုသည်တစ်ဦး (ဥပမာ ကုန်သွယ်ရေးပြဿနာရှိနေသည့် အာဆီယံလုပ်ငန်းစု)ကိုယ်စား အမည်မသိတိုင်ချက်ဖြင့် တိုင်ချက်ဖွင့်နိုင်ပါသည်။ ယင်းကဲ့သို့ ကိစ္စရပ်များတွင် အမှုသည် အခြေစိုက်သည့် သို့မဟုတ် တိုင်ချက်ဖွင့်ထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွင် ဥပဒေကျင့်သုံးရန် အချိန်ကိုက်လိုင်စင်ရထားသော ရှေ့နေ သို့မဟုတ် ဥပဒေအဖွဲ့သည် အရင်ဆုံး အာဆီယံအတွင်းရေးမှူးထံ ဆက်သွယ်ပြီး ၎င်း၏ သက်မွေးလုပ်ငန်းဆိုင်ရာ မှတ်ပုံတင်ထားမှုနှင့်ဆိုင်သော လိုအပ်သည့် အချက်အလက်များနှင့် ၎င်းကိုယ်စားပြုဆောင်ရွက်ပေးရမည့် အမည်မသိတိုင်ချက် တိုင်တန်းသော အမှုသည်၏ လိုအပ်သော အချက်အလက်များကို ပံ့ပိုးပေးရမည် ဖြစ်ပါသည်။ ယင်းသို့ပြုလုပ်ရန်အတွက် ကျေးဇူးပြု၍ လိုအပ်သော ဖောင်ကို ‌ဒေါင်းလုပ်လုပ် ရယူပြီး ဖောင်တွင် ဖော်ပြပေးထားသော assist@asean.org မှတစ်ဆင့် အာဆီယံအတွင်းရေးမှူးထံ အီးမေးလ်ဖြင့် တိုင်ချက်ပေးပို့ပေးရပါမည်။
 \ 
အာဆီယံအတွင်းရေးမှူးမှ လျှို့ဝှက်သည့်ဖြစ်ရပ်ကုဒ် (CCC)ကို အီးမေးလ်မှတစ်ဆင့် ရှေ့နေသို့မဟုတ် ဥပဒေအဖွဲ့ထံ ပေးပို့ပြီးသည့်အခါတွင်မှ အမှန်တကယ်တိုင်ချက်ဖွင့်မှုကို စလုပ်နိုင်မည်ဖြစ်ပါသည်။ ယင်းသို့တိုင်ချက်ဖွင့်ရန်အတွက် အောက်ပါဖောင်တွင် ဖြည့်ပေးပြီး ၎င်းတို့ ကိုယ်စားပြုပေးနေသည့် အာဆီယံလုပ်ငန်းစု ကြုံတွေ့နေသော ပြဿနာနှင့်ပတ်သက်သည့် လုံလောက်သော အချက်အလက်များကို ASSIST ထံသို့ ပေးပို့ပေးရမည် ဖြစ်ပါသည်။ * အမှတ်အသားပါသည့် နယ်ပယ်များသည် မဖြစ်မနေဖြည့်ရမည့် နယ်ပယ်များ ဖြစ်သည်။ အကယ်၍ ဥပဒေအဖွဲ့များ မရှိပါက တစ်ဦးချင်းရှေ့နေအနေဖြင့် ၎င်း၏ ကိုယ်ရေးအချက်အလက်များကို နှစ်ခါ (ဥပမာ ဥပဒေအဖွဲ့အကွက်နှင့် ရှေ့နေအကွက်များတွင်) ဖြည့်သွင်းနိုင်ပါသည်။ 

မှန်ကန်စွာ တိုင်ချက်ဖွင့်နိုင်ရန်အတွက် တိုင်ချက်ကို ပေးပို့ပြီး ခဏတွင်းချင်း ASSIST ထံမှ သင်လက်ခံရရှိမည့် အလိုအလျောက်အီးမေးလ်ကို အကြောင်းပြန်ပေးခြင်းဖြင့် သင်၏တိုင်ကြားလွှာကို အတည်ပြုပေးရပါမည်။ (သင့်အီးမေးလ်မှ spam/junk ဘောက်စ်များတွင်လည်း ကျေးဇူးပြုပြီး စစ်ဆေးပေးပါ။)

LAW FIRM

* Law Firm Name

* Phone

  Website

* Address

* City

ZIP Code

* Country

* ASEAN Jurisdiction(s) where Local Office(s) is(are) Established

LAWYER

* Gender

     

* First Name

* Last Name

* Phone

* Position

* Email

  Address

  City

  ZIP Code

  ASEAN Jurisdiction(s) where Admitted to Practice Law

Complaint description

* Confidential Case Code

* Country of Legal Registration

* Legal Registration Number

* Registration Proof

* Type of Business

* Business Sector

  - Services Sector Description

* Type of Problem Encountered

* Destination Country

* Description

Attachment

  I have read and accept the ASSIST rules.
 I hereby submit this complaint to the Central Administrator of ASSIST and I accept its transmission to the relevant authorities of the ASEAN Member States involved