လုပ်ငန်းစဉ်နှင့်သင်ခန်းစာ
အသုံးပြုသူများအနေဖြင့် ASSIST ၏ လုပ်ထုံးလုပ်နည်းများနှင့် အကျွမ်းတဝင်ရှိလာနိုင်စေရန် အနီးကပ်သင်ပြမှု ၅ ခု ပြင်ဆင်ထားပြီး အောက်တွင်ရှိသည့် အိုင်ကွန်ပုံကို နှိပ်၍ ဒေါင်းလုပ်ဆွဲချနိုင်ပါသည်။
ယင်းအနီးကပ်သင်ပြမှုများသည် အသုံးပြုသူများအား ASSIST လုပ်ငန်းစဉ် နှင့် များစွာသော ပါဝင်ပတ်သက်သူများ၏ ကဏ္ဍများကို နားလည်လာစေနိုင်ပါသည်။
ဤနမူနာပုံစံမှာ တိုင်ကြားသူ(အာဆီယံလုပ်ငန်းစု)ကိုယ်စား ဥပဒေအဖွဲ့တစ်ခုမှ မှန်ကန်စွာလျှောက်တင် တိုင်ကြားခဲ့သဖြင့် ASSIST ဗဟိုစီမံခန့်ခွဲသူမှ လက်ခံခဲ့သော ကုန်ပစ္စည်းကုန်သွယ်မှုနှင့် သက်ဆိုင်သည့် တိုင်ချက်တစ်ခုဖြစ်ပြီး သွားမည့်နိုင်ငံ/ သွားမည့်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်ကလည်း လက်ခံခဲ့ပါသည်။ ထို့ကြောင့် ယင်းအရေးကိစ္စအတွက် သွားမည့်နိုင်ငံ/ သွားမည့်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်သည် အာဆီယံလုပ်ငန်းစုကို လက်ခံတွေ့ဆုံမည်ဖြစ်ကာ ပြည်တွင်း သက်ဆိုင်ရာအာဏာပိုင်များနှင့် အပြန်အလှန် ဆက်သွယ်ပြီး အာဆီယံလုပ်ငန်းစုအတွက် ASSIST မှတစ်ဆင့် ဖြေရှင်းချက် ပံ့ပိုးပေးပါသည်။ ယင်းဖြေရှင်းချက်ကို အာဆီယံလုပ်ငန်းစုဘက်မှလည်း လက်ခံခဲ့ပါသည်။
ဤနမူနာပုံစံမှာ တိုင်ကြားသူ(အာဆီယံလုပ်ငန်းစု)မှ မှန်ကန်စွာလျှောက်တင် တိုင်ကြားခဲ့သဖြင့် ASSIST ဗဟိုစီမံခန့်ခွဲသူမှ လက်ခံထားခဲ့သော ဝန်ဆောင်မှုကုန်သွယ်ခြင်း(နည်းလမ်း ၁ သို့မဟုတ် နယ်စပ်ဖြတ်ကျော်ပံ့ပိုးမှု)ဆိုင်ရာ တိုင်ချက်တစ်ခုဖြစ်ပြီး သွားမည့်နိုင်ငံ/ သွားမည့်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်ကလည်း လက်ခံခဲ့ပါသည်။ ထို့ကြောင့် ယင်းအရေးကိစ္စအတွက် သွားမည့်နိုင်ငံ/ သွားမည့်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်သည် အာဆီယံလုပ်ငန်းစုကို လက်ခံတွေ့ဆုံမည်ဖြစ်ကာ ပြည်တွင်း သက်ဆိုင်ရာအာဏာပိုင်များနှင့် အပြန်အလှန် ဆက်သွယ်ပြီး အာဆီယံလုပ်ငန်းစုအတွက် ASSIST မှတစ်ဆင့် ဖြေရှင်းချက် ပံ့ပိုးပေးပါသည်။ ယင်းဖြေရှင်းချက်ကို အာဆီယံလုပ်ငန်းစုဘက်မှလည်း လက်ခံခဲ့ပါသည်။
ဤနမူနာပုံစံမှာ တိုင်ကြားသူ(အာဆီယံလုပ်ငန်းစု)မှ မှန်ကန်စွာလျှောက်တင် တိုင်ကြားခဲ့သဖြင့် ASSIST ဗဟိုစီမံခန့်ခွဲသူမှ လက်ခံထားခဲ့သော ဝန်ဆောင်မှုကုန်သွယ်ခြင်း(နည်းလမ်း ၃ သို့မဟုတ် စီးပွားရေးအကျိုးအမြတ်ရှိခြင်း)ဆိုင်ရာ တိုင်ချက်တစ်ခု ဖြစ်ပါသည်။ ယင်းအရေးကိစ္စတွင် အမှန်တကယ်ပြဿနာကြုံတွေ့နေရသည်မှာ တိုင်ကြားသူ၏ သွားမည့်နိုင်ငံ/ သွားမည့်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်ရှိနေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွင်ရှိနေသော ကုမ္ပဏီခွဲဖြစ်ပြီး၊ ယင်းတိုင်ကြားချက်ကို သွားမည့်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်က ပယ်ချခဲ့ပါသည်။
အောက်ပါ လမ်းကြောင်းပုံစံကားချပ်သည် ASSIST လုပ်ငန်းစဥ် အကျဥ်းချုံ့ကို ဖော်ပြထားခြင်းဖြစ်ပါသည်။ အောက်ပါ အတိုကောက်နာမည်များမှာ
AE: အာဆီယံ လုပ်ငန်းစု
CA: ဗဟိုစီမံခန့်ခွဲသူ
DCP: သွားမည့်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်
HCP: အိမ်ရှင်နိုင်ငံမှ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်
RA: တာဝန်ရှိ အာဏာပိုင်