ASSIST မှ ကြိုဆိုပါတယ်

အာဆီယံ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှုနှင့်ကုန်သွယ်ရေး ဖြေရှင်းနည်းလမ်းများ(ASSIST) သည် ၂၀၁၅ ခုနှစ်က စတင်ခဲ့သည့် အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)၏ လုပ်ငန်းမူဘောင်အတွင်း အာဆီယံ စီးပွားရေးသဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းနှင့်သက်ဆိုင်သည့် နယ်စပ်ဖြတ်ကျော်မှုအရေးကိစ္စများတွင် အာဆီယံစီးပွားရေးလုပ်ငန်းများ ရင်ဆိုင်ကြုံတွေ့နေရသော လုပ်ငန်းဆောင်ရွက်မှု ပြဿနာများ၏ ထိရောက်ပြီးအလုပ်တွင်စေသော နည်းလမ်းများအတွက် အနှောင်အဖွဲ့ကင်းပြီး အကြံပြုပေးနိုင်သော လုပ်ထုံးလုပ်နည်း ယန္တရားတစ်ခုဖြစ်ပါသည်။



သင်သည် အာဆီယံဒေသအတွင်း ကုန်ပစ္စည်းများ ကုန်သွယ်မှု သို့မဟုတ် ဝန်ဆောင်မှုများ ပေးမှုတွင် ပြဿနာနှင့်ရင်ဆိုင်နေရသည့် အာဆီယံစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်နေပါသလား။ အကယ်၍ ဖြစ်နေပါလျှင် အာဆီယံအခြစိုက် ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုမှတစ်ဆင့် သင့်ကိုယ်ပိုင်အမည်ဖြင့်လည်းကောင်း သို့မဟုတ် အာဆီယံအသိအမှတ်ပြုရှေ့နေ သို့မဟုတ် ဥပဒေလုပ်ငန်းအဖွဲ့ကို အသုံးပြုပြီး အမည်မသိအဖြစ်နှင့်လည်းကောင်း တိုင်ချက်ဖွင့်လို့ရနိုင်ပါသည်
 
                   

ASSIST ယန္တရားသည် အာဆီယံကုန်ပစ္စည်း ကုန်သွယ်ရေးသဘောတူညီချက်(ATIGA) အောက်မှ လုပ်ပိုင်ခွင့်အာဏာရရှိထားသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြဿနာရပ်များကို ဖြေရှင်း‌ရန်အတွက် အာဆီယံဆွေးနွေးညှိနှိုင်းမှုရုံး(ACT)ကို ဖော်ဆောင်ရန်အတွက် ရေးဆွဲထားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် ဥရောပသမဂ္ဂ၏ SOLVIT စနစ်ကို အလွတ်သဘော အခြေခံထားပါသည်။ ASSIST သည် ACT ၏ အနှောင်အဖွဲ့ကင်းပြီး ညှိနှိုင်းတိုင်ပင်နိုင်မှုကို ထပ်လောင်းအတည်ပြုပေးကာ ၎င်း၏ အခြေခံပုံစံကို ခေတ်နှင့်အမီဖြစ်အောင်ဖန်တီးပေးပြီး လုပ်ထုံးလုပ်နည်းယန္တရားကို ပိုမိုထိရောက်၍၊ အချိန်တိုတိုနှင့် ခရီးရောက်သည့် ပုံစံဖြင့် လုပ်ငန်းလည်ပတ်နိုင်စေပါသည်။ ၎င်းသည် ကုန်ပစ္စည်းကုန်သွယ်မှုထက်လည်း ပိုမိုတာသွားပြီး အပြည့်အဝလုပ်ငန်းလည်ပတ်နိုင်ပါက အာဆီယံစီးပွားရေးအသိုက်အဝန်း(AEC)အတွင်း ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုစီမံချက်များ၊ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုများနှင့် ပတ်သက်သည့် ပြဿနာများအတွက် ဖြေရှင်းနည်းများကိုပါ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားပါသည်။


ASSIST မှ ဘယ်လိုပြဿနာ အမျိုးအစားများကို ကိုင်တွယ်ဖြေရှင်းပေးပါသလဲ

  • ကုန်ပစ္စည်းများကို သက်ရောက်မှုရှိသည့် များစွာသော စည်းကြပ်ခွန်ဆိုင်ရာနှင့် စည်းကြပ်ခွန်ပြင်ပဆိုင်ရာစီမံချက်များ၊
  • နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုများပေးသည့် ဧရိယာများရှိ ကိစ္စရပ်များနှင့်
  • အာဆီယံပေါင်းစည်းခြင်း၏ အမျိုးမျိုးသော ကဏ္ဍရပ်များမှ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် စီမံချက်များ။

ASSIST သည် အောက်ပါကိစ္စရပ်များအတွက် ဖြေရှင်းပေးခြင်းမရှိပ

  • အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများနှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ တိုင်တန်းချက်များ၊
  • နိုင်ငံတော်တရားစီရင်ပိုင်ခွင့်နှင့်ဆိုင်သည့် တရားတပေါင်/ခုံသမာဓိဆိုင်ရာ အရေးကိစ္စများ၊
  • လူတစ်ဦးချင်း သို့မဟုတ် ကုမ္ပဏီများကိုတိုင်တန်းသည့် တိုင်ချက်များ၊
  • အာဆီယံအတွင်းရှိ ကုန်သွယ်မှု၊ ဝန်ဆောင်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများနှင့် မသက်ဆိုင်သည့် အရေးကိစ္စများ၊
  • ဗီဇာနှင့် နေထိုင်မှုရပိုင်ခွင့်များနှင့်
  • နယ်စပ်ဖြတ်ကျော် ငွေရင်းရွေ့လျားမှုနှင့် ငွေပေးချေမှုများ။

အထက်ပါစာရင်းသည် ညွှန်းဆိုပြရုံသာ ဖြစ်ပြီး သဘာဝအရ အပြည့်အစုံတော့မရှိသေးပါ။ သံသယတစ်ခုခုရှိပါက တိုင်ချက်ကို မတိုင်ကြားခင် သင်၏နစ်နာချက်သည် ASSIST ၏နယ်ပယ်အတွင်း ရှိမရှိဆိုသည်ကို ASSIST ဗဟိုညွှန်ကြားရေးမှူးထံ ဆက်သွယ်စုံစမ်းကြည့်ပေးပါ။